
- Admin
- Mar 19, 2024
- Maintenance Tips
ကမ္ဘာ့အကောင်းဆုံး ကားထုတ်လုပ်ရေးလုပ်ငန်းများ
မော်တော်ကားထုတ်လုပ်မှုသမိုင်းကြောင်းဟာ လွန်ခဲ့လေပြီးတဲ့ နှစ်ရာစုနှစ်ကတည်းက စတင်လာခဲ့ပြီးဖြစ်ကာ ယနေ့မှာတော့ ဒီမော်တော်ယာဉ်တွေမပါပဲနဲ့ကိုမဖြစ်တဲ့ နေ့စဉ်ဘဝရဲ့ အရေးတကြီးလိုအပ်တဲ့ အစိတ်အပိုင်းတွေအဖြစ်နဲ့ လူတွေကလိုအပ်လာကြလာလေပြီလည်း ဖြစ်ပါတယ်။ သွားလိုတဲ့နေရာ မိုင်ထောင်နဲ့ချီကို မော်တော်ကားလေးနဲ့ သက်တောင့်သက်သာသွားလာနိုင်လို့ ဒါတွေကလူတွေရဲ့ နေ့စဉ်ဘဝတွေမှာအရေးပါလာ ကြတာဖြစ်ပါတယ်။ ဘယ်နေရာကိုကြည့်ကြည့် မော်တော်ကားတွေရဲ့ အရေးပါ အသုံးကျတဲ့ ကဏ္ဍတွေကို လက်တွေ့မြင်နေရတာမို့လို့လည်း ကားထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ယနေ့ကမ္ဘာမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။ ဒီလိုဆိုရင် သက်တမ်းတစ်လျှောက် လုပ်ကိုင်လာခဲ့ကြတဲ့ မော်တော် ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေထဲက ကမ္ဘာ့အကောင်းဆုံးမော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
🚘 General Motors 🚘
အမေရိကန်ရဲ့ Classic ဆန်တဲ့ ကားအမျိုးအစားကက်ဒီးလက်စ်၊ ချက်ဗလက်၊ ဘစ်ခ်တွေက ဂျီအမ် ရဲ့ အထူးထုတ် ကားအမျိုးအစားတွေ ဖြစ်ကြပါတယ်။ ဘယ်သူကမှ ဘယ်တုန်းကမှ ဒီကားရဲ့ တန်ဖိုးနဲ့ ကားရဲ့ အ ရည်အသွေးမတန်ဘူးဆိုတာမျိုးမကြားဖူးခဲ့လောက်အောင် တန်ကြေးနဲ့ စွမ်းဆောင်ရည် ထိုက်ထိုက်တန်တန် ကိုတည်ဆောက်ထားတဲ့ ကားအမျိုးအစားတွေ ဖြစ်ကြပါတယ်။ ဒါကလည်းကားထုတ်လုပ်ရေးရဲ့ တန်ဖိုးတစ် ခုလိုသတ်မှတ်ထားတဲ့ စံနှုန်းဖြစ်လို့ ကမ္ဘာ့ အကောင်းဆုံးကားထုတ်လုပ်ရေးစာရင်းဝင်ရပါတယ်။
🚘 Suzuki 🚘
နှစ်စဉ်ကားအစီးရေသန်းနဲ့ချီပြီးထုတ်လုပ်တဲ့ ဆူဇူကီးကတော့ အမြဲလိုလိုထိပ်တန်းအဆင့်မှာရပ်တည်နေတဲ့ ကားထုတ်လုပ်ရေးဖြစ်ပါတယ်။ ဂျပန်ကားအမျိုးအစားတွေတိုင်းကအကောင်းဆုံးအရည်အသွေးတွေရှိကြပါ တယ်။ ကားအစိတ်အပိုင်းအော်ရီဂျင်နယ် အပိုဝယ်ယူဖို့ ခက်ခဲပင်သော်ငြားလဲပဲမော်တော်ယာဉ်ပိုင်းမှာတော့ ဘယ်သူကမှ မယှဉ်နိုင်တဲ့ အရည်အသွေးတွေကိုထည့်သွင်းပေးထားပါတယ်။ ဒါ့ကြောင့်လည်းကမ္ဘာ့ အကောင်းဆုံးကားထုတ်လုပ်ရေးဖြစ်ရပါတယ်။
🚘 Honda 🚘
နစ်ပွန်ရဲ့ နောက်ထပ် ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဟွန်ဒါကသူ့ရဲ့ အမေရိကန်စက်ရုံကထွက်ရှိတဲ့ အကောင်းဆုံးအရည်အချင်းတွေနဲ့ မော်တော်ယာဉ်တွေကြောင့် ဝယ်ယူသူတွေရဲ့ ကျေးဇူးတင်ကြောင်းတွေကို အမြဲလိုလို ကြားရပါတယ်။ ဟွန်ဒါကားအမျိုးအစားမှန်ရင် မောင်းနှင်မှုနဲ့ပတ်သက်လို့ ဘာမှ စိတ်ပူပန်စရာ မရှိတော့ပါဘူးလို့ အာမခံနိုင်တဲ့အထိကိုကားထုတ်လုပ်ရေးကတာဝန်ယူမှု အပြည့်အဝကိုပေးထားပါတယ်။ ကမ္ဘာ့အကောင်းဆုံးကားထုတ်လုပ်ရေးကြားဟွန်ဒါကားထုတ်လုပ်ရေးကလည်းနာမည်ကြီးပါတယ်။
🚘 Ford 🚘
ကမ္ဘာ့ကားဈေးကွက်ထဲမှာကားအစီးရေအများဆုံးကားအမျိုးအစားအဖြစ်နဲ့ အမေရိကန် ကားထုတ်လုပ် ရေးဖို့ဒ်ကစံချိန်ချိုးထားပါတယ်။ အမေရိကန်ကားဈေးကွက်ကိုအဓိကဦးစားပေးသိမ်းပိုက်ထားတဲ့ ကားထုတ်လုပ် ရေးဖြစ်ကာကမ္ဘာ့အဆင့်အတန်းအမြင့်ဆုံးကားအမျိုးအစားအဖြစ်နဲ့လည်းမှတ်တမ်းဝင်ပါတယ်။
🚘 Hyundai- Kia 🚘
တောင်ကိုးရီးယားကားထုတ်လုပ်ရေးဟွန်ဒိုင်းက ၂၀၁၇ ခုနှစ်တုန်းကကားအစီးရေ ၁.၅ သန်းအထိထုတ်လုပ် နိုင်ခဲ့ပါတယ်။ ဒါကဘာ့ကြောင့်လဲဆိုဈေးကွက်ဝယ်လိုအားကို ဖြည့်တဲ့ သဘောနဲ့ ကားအစီးရေ သန်းနဲ့ချီထုတ်လုပ်ရတဲ့အထိကို ကားထုတ်လုပ်ရေးက လုပ်ငန်းအောင်မြင်မှုကို ပြသလိုက်တဲ့ သဘောပါပဲ။ ဈေးကွက်ထဲက အရည်အသွေးစိတ်ချရပြီး ဝယ်လိုအားအရမ်းကောင်းတဲ့ ကားအမျိုးအစားလည်း ဖြစ်ပါတယ်။
🚘 Toyota 🚘
တိုယိုတာကတော့ ဂျပန်နိုင်ငံမှာသာမကကမ္ဘာမှာနာမည်ကြီးပြီးလူတိုင်းနဲ့ချိတ်ဆက်နိုင်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ တစ်နှစ်တည်းမှာကားအစီးရေ ၂ သန်းမထုတ်နိုင်ဘူးဆိုရင်တောင် အဲ့ဒီရဲ့ ထက်ဝက် အစီးရေ တစ်သန်းကို တစ်နှစ်အတွင်းရောင်းချနိုင်လောက်အောင်ကို ရောင်းအားကောင်းပါတယ်။
🚘 Volkswagen 🚘
Car for people လို့ ဆိုရလောက်အောင် ဗောက်စ်ဝက်ဂွန်ကလူတိုင်းနဲ့ အသင့်တော်ဆုံးသော ကားအမျိုးအစားဖြစ်ပါတယ်။ ကားအစီးရေ ၂.၅ သန်းထုတ်လုပ်ရောင်းချနိုင်တဲ့ ဂျာမန်ရဲ့ အကြီးဆုံး ကားထုတ်လုပ်ရေးအုပ်စုကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ အလွယ်တကူမဖြစ်နိုင်ပါဘူး။ သြဇာကြီးမားတဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းအဖြစ် ကမ္ဘာ့ကားဈေးကွက်မှာရပ်တည်နေပါတယ်။
Comments